သတင်းများ

ငဖဲမြို့နယ် ပဒါန်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ် သည်။
စလင်းမြို့နယ်တွင် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား phase 5 ထိုးနှံပေး
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမဆောင်နှင့် ရပ်ကွက်ကျေးရွာ အုပ်များတွင် ဆေးထိုးစုရပ်များခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသူများကို ယနေ့ နံနက် ၈နာရီ အချိန်က မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
စလင်းမြို့နယ်လုံးဆိုင်ရာ မြို့နယ်ကြက်ခြေနီအဖွဲ့လပတ် အစည်းအဝေးပြုလုပ်
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်လုံးဆိုင်ရာ ကြက်ခြေအနီအဖွဲ့ လပတ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စလင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုခမ်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Dec 29,2021
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြပွဲကို မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့ နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိ
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်းပြည်လုံးချမ်းသာခန်းမနှင့် သတ်မှတ်ဆေးထိုးစုရပ်များတွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာ အုပ်စုရှိ လမ်းမကြီး၊ လမ်းသွယ် တစ်လျှောက်အိမ်ခြေများအား အိမ်နံပါတ်များ တပ်ဆင်ဆောင်ရွက်
Dec 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း  ရပ်ကွက်/ကျေးရွာ အုပ်စုရှိပြည်သူလူထုနေအိမ်များအား  အိမ်နံပါတ် တပ်ဆင်ခြင်းလုပ်ငန်းကို  ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက  တရုတ်စု၊  ရန်နိုင်၊  ရန်အောင်မြင်ရပ်ကွက်များရှိ   နေအိမ်များတွင်   ကွင်းဆင်းတပ်ဆင်ပေးလျက်ရှိ ကြောင်းသိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ
Dec 29,2021
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် အမှတ် ( ၅) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ဝက်လက်မြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Dec 29,2021
ဝက်လက်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဂါရီလ ၄ ရက်နေ့တွင် ကျရာက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန် က ကျင်းပပြုလုပ်သည်။