စလင်းမြို့နယ်လုံးဆိုင်ရာ မြို့နယ်ကြက်ခြေနီအဖွဲ့လပတ် အစည်းအဝေးပြုလုပ်

စလင်း ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်လုံးဆိုင်ရာ ကြက်ခြေအနီအဖွဲ့ လပတ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ နာရီအချိန်က စလင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုခမ်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ် ကြက်ခြေနီ ဒုတပ်ဖွဲ့မှူးတို့နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲ(စလင်းမြို့) ကြက်ခြေနီ အသင်းခွဲငယ် (ဆင်ဖြူကျွန်းမြို့) ကျေးရွာကြက်ခြေနီ အသင်းခွဲငယ်များ ဖြစ်ကြသော မန်ကျီးကုန်းရွာအုပ်စု၊ အနောက်ကန်ဘောင်ရွာ၊ ရုံးပင်ကန်ရွာ၊ သမြင်ကင်းအုပ်စု၊ ကျောင်းကုန်းရွာတို့မှ အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး အရေးပေါ်အခြေအနေများ အတွက် အစဉ်သင့်ရှိနေစေရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

မောင်လွင်(စလင်း)