ငဖဲမြို့နယ် ပဒါန်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ

ငဖဲ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ ပဒါန်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဌေး က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်စည်းမျဉ်း စည်းကမ်းများကို ကျောင်းသား၊ ကျောင်းသူများအား ပြောကြားသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ ပဒါန်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းမှ အထက်တန်းဆင့် ()ဦး၊အလယ်တန်းဆင့်(၁၃)ဦးနှင့် မူလတန်းဆင့်()ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က လွတ်လပ်ရေးကို ထိန်းသိမ်းပါ၊ လွတ်လပ်ရေးနေ့ ဒို့မမေ့ စသည့် ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ အထက်တန်း ကျောင်းမှ ဆရာ၊ ဆရာမများက အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)