မွန်ပြည်နယ်ဝန်ကြီးချုပ် အားကစားဥယျာဉ် စီမံကိန်းဘောလုံးကွင်း၊ အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနား တက်ရောက်
Dec 29,2021
မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ အားကစားနည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ယနေနံနက် ၈ နာရီခွဲက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၌ ပြည်နယ် အားကစားဥယျာဉ် စီမံကိန်းဘောလုံးကွင်း၊ အဆောက်အဦများ ဆောက်လုပ်မည့် မြေနေရာတွင် ပန္နတော်တင်မင်္ဂလာ အခမ်းအနားကိုကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။