မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမဆောင်နှင့် ရပ်ကွက်ကျေးရွာ အုပ်များတွင် ဆေးထိုးစုရပ်များခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသူများကို ယနေ့ နံနက် ၈နာရီ အချိန်က မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
စလင်းမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဝန်ထမ်းများကကြီးကြပ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် မြို့ပေါ် (၈)ရပ်ကွက်အတွက် ဆေးလုံးရေ ၁၀၄ လုံးရရှိခဲ့ပြီး ဆေးတစ်လုံးလျှင် လူ၂ ဦးထိုးနှံပေးရာ လူဦးရေ ၂၀၈ ဦးထိုးနှံပြီးစီးခဲ့ပြီး ကျေးရွာများအတွင်း၌လည်း အုပ်စုများခွဲ၍ ထိုးနှံပေးလျက်ရှိ ရာ ၅၀ ရာခိုင်နှုန်းခန့် ထိုးနှံပြီးစီးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရခြင်း မရှိသေးသည့် သူများကိုလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)