ချမ်းအေးသာစံ ဒီဇင်ဘာ ၂၉
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့ နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။
အဆိုပါပြပွဲတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန်အတွက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေးနေ့အဓိပ္ပါယ် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများစသည့် အကြောင်းအရာများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ယင်းပြပွဲသို့ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက လာရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
ထိုနံရံကပ်စာစောင်များတွင် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနှင့် ထိန်းသိမ်းမှုသမိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများ စသည့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများ ပါဝင်ပြီး စာပေအသိပညာဗဟုသုတရရှိစေရန်၊ စာပေကို မြတ်နိုးတန်းဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်များကို ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရစေရန် ရည်ရွယ်၍ စာအုပ်များ ခင်းကျင်းပြသထားကြောင်း သိရသည်။
ထိပ်ထားနိုင်