ဝက်လက် ဒီဇင်ဘာ ၂၉
ဝက်လက်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဂါရီလ ၄ ရက်နေ့တွင် ကျရာက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန် က ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး Talk Show အစီစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာဝင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အလုပ်အမှူဆောင် ဒေါ်တင်မြင့်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဒေါ်တင်မြင့်က ဆွေးနွေးရာတွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သမိုင်းအကြောင်း၊ ယနေ့လူငယ်များ လွတ်လပ်ရေးကို တန်ဖိုးထား ချစ်မြတ်နိုးစေလိုကြောင်း၊ လွတ်လပ်ရေးနေ့ သမိုင်းအကြောင်း၊ ကျူးကျော်စစ် သုံးကြိမ်ပေါ်ပေါက်လာမှု၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာနှင့်လွတ်လပ်ရေးနေ့ ဦးတည်ချက်များ ဆွေးနွေးသွားသည်။
စိုးစိုးလှိုင် (ဝက်လက်)