သတင်းများ

ဖြူးမြို့နယ်၌ စားသုံးသူရေးရာကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးခြင်း Talk Show ပြုလုပ်
Jan 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာ ကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးခြင်း Talk Show ကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကြည့်ရှုစစ်ဆေး
Jan 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်များအား မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင် ၍ မီးသတ်တပ်ဖွဲ့ဝင်များတို့က ယနေ့ နံနက် ၉ နာရီက  စက်သုံးဆီ အရောင်းဆိုင်များအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းကျေးရွာအုပ်စုအတွင်း “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စု နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး
Jan 22,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်းများက ဇန်နဝါရီလ ၂၁ ရက်နေ့က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်၌ လူဦးရေပေါင်း (၂၇၀၆၈) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်
Jan 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံပြီးသူများအား ယခုနှစ် ဇန်နဝါရီလအတွင်း ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဝါးခယ်မမြို့တွင် Clean City,Green City, Smart City ဖြစ်လာစေရေးအတွက် စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Clean City, Green City,Smart City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ အချိန်က မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းတစ်လျှောက်တွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အင်္ဂပူမြို့သန့်ရှင်းသာယာလှပ အမှိုက်ကင်းစင်စေရေး ဌာနဆိုင်ရာများစုပေါင်း အမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ၂၂ နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ အပတ်စဉ် ဌာနဆိုင်ရာများစုပေါင်းဆောင်ရွက်နေကြ မြို့သန့်ရှင်းသာယာလှပ အမှိုက်ကင်းစင်စေရေးအတွက် အမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်ကြသည်။
ကျိုက်လတ်မြို့နယ် သန့်ရှင်းသာယာလှပ‌ရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့် မြို့သန့်ရှင်း သာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းလိုက်နာ လိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့် အ‌နေဖြင့် သန့်ရှင်းရေး‌ဆောင်ရွက်နှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ က တိလောကမာရဇိန်ဘုရားဝန်း၊ စန္ဒမုနိဘုရားဝန်း၊ ရပ်တော်မူဘုရားဝန်းနှင့် မြို့အဝင်/အထွက်‌ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ကြံခင်းမြို့တွင် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့တော်သန့်ရှင်းသာယာလှပစေရေး (Clean City) ဖြစ်လာစေရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေး (Clean City) ဖြစ်လာစေရန် ယနေ့ နံနက်(၇)အချိန်က မိုင်တိုင်(၂/၀)ကြံခင်း- ဘက်ရဲကားလမ်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။