မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာစကားပုံမိတ်ဆက် ကဏ္ဍ(အမှတ်စဉ်-၄) တင်ဆက်
Jan 11,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ မြန်မာစကားပုံများ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်သိရှိစေရန်၊ အတုယူပြောဆိုတတ်စေရန် ရည်ရွယ်၍ မြန်မာစကားပုံမိတ်ဆက် ကဏ္ဍကို Online မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ စာကြည့်တိုက် လူထုအခြေ ပြုဗဟိုဌာနတွင် မြန်မာစကားပုံမိတ်ဆက် ကဏ္ဍ(အမှတ်စဉ်-၄) တင်ဆက်ခဲ့ကြောင်း သိရသည်။