သတင်းများ

ဘုတ်ပြင်းမြို့စတိန်‌ကျေးရွာအုပ်စု ကရင်စုကျေးရွာတွင် အကြိုအခြေခံမီးသတ် သင်တန်းဖွင့်လှစ်ပို့ချ
Dec 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် စတိန်ကျေးရွာအုပ်စု ကရင်စုကျေးရွာတွင် မြို့နယ်မီးသတ် ဦးစီးဌာနက အကြိုအခြေခံမီးသတ်သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့က စတင်ပို့ချခဲ့ပြီး သင်တန်းကို ၅ ရက်တာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကုန်းရွာတွင် ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးလုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိ
Dec 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီ အမီထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ရိုးရာအိုးလုပ် ငန်းအမြဲလုပ်ကိုင်နေ သည့် တောင်ကုန်းကျေးရွာမှ ဦးမြင့်ဆွေကပြောပြသည်။
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့်   ကျေးလက်တောရွာများအထိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 26,2021
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာနှင့် ဆယ်မိုင်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ဟိုပုံးမြို့၌  ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲပြုလုပ်
Dec 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒီဇင်ဘာ အားကစားလ လူထုလမ်းလျှောက်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦး‌ဆောင်၍ ယနေ့ နံနက် ၅ နာရီခွဲချိန်က  ပြုလုပ်ခဲ့ကြသည်။
ရမ်းဗြဲမြို့၌ ပဉ္စမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ
Dec 26,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကင်းတဲရပ်ရှိ ရှေးဟောင်းသမိုင်းဝင် မင်းတရားဖူးစေတီတော်မြတ် ဘက်စုံတည်ဆောက်ပြုပြင်နိုင် ရန်ရည်ရွယ်လျက် ယမန်နေ့ ညနေပိုင်းအချိန်မှ စတင်ပြီးပဉ္စမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပကြကြောင်း သိရသည်။
ပုဂံမြို့သစ်ဈေးကြီး မီးဘေးလုံခြုံရေး စစ်ဆေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Dec 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံနယ်မြေရှိ မြို့နယ်စီပင်သာယာရေးအဖွဲ့ပိုင် ပုဂံမြို့သစ်ဈေးကြီး မီးဘေးလုံခြုံရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဥက္ကာ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပုဂံမြို့သစ်ဈေးကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများလိုက် မီးသတ်ဆေးဗူး ချိတ်ဆွဲထားရှိမှု အခြေအနေများ၊ ရေရရှိရေးစီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အသင့်တပ်ဆင်ထားသော မဏိစည်သူ ဈေးပိုင် အပေါ့စားမီးသတ်စက်များ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိနှင့် စွမ်းအားပြည့် အသုံးပြုနိုင်မှု ရှိ/မရှိ၊ အခြေအနေများ၊ မီးသတ်ယာဉ် ဝင်ထွက်သွားလာနိုင်မှု အခြေအနေများနှင့် မီးသတ် ရေတိုင်ငုတ်များ ထားရှိမှုအခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်မင်းနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၈နာရီချိန်က လှည့်လည်စစ်ဆေး၍ လိုအပ်သည်များ အကြံပြုဆွေးနွေးသည်။
မင်းဘူးဈေးကွက်သို့ ခရမ်းချဉ်သီးအသစ်များ စတင်ဝင်ရောက်သော်လည်း ဈေးပြန်ကျခြင်းမရှိသေး
Dec 26,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ဈေးကွက်အတွင်း ခရမ်းချဉ်သီးအသစ်များ စတင်ဝင်ရောက် နေသော်လည်း ဈေးပြန်လည်ကျခြင်းမရှိသေးကြောင်း အမှတ် ( ၄ ) ပွဲရုံပိုင်ရှင် မလဲ့ထံမှ သိရသည်။
ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ
Dec 26,2021
မြန်မာတို့သည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသော လူမျိုးများဖြစ်ကြသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အားလျှော်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ဓလေ့စရိုက်များကို သိရှိပြီး တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိလူမျိုး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်လိုစိတ်များ ရှိကြပေသည်။