သတင်းများ

သွေးနှင့်အောက်ဆီဂျင် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ဖြူစင်မေတ္တာသွေးကမ္ဘာ လူမှုရေး အသင်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အိမ်တိုင်ယာရောက်ပေးအပ်
Dec 26,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်း သွေးနှင့်အောက်ဆီဂျင်ကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် ဖြူစင်မေတ္တာသွေးကမ္ဘာအသင်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ယနေ့ နံနက်ပိုင်းက အိမ်တိုင်ယာရောက်လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်
Dec 26,2021
 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့် လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
မိုင်းယောင်းမြို့၌ ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲ ကျင်းပ 
Dec 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားကို ယမန်နေ့တွင် ကျင်းပကြောင်း သိရသည်။ 
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေမီးသတ်စခန်း(အသစ်)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင် နယ်မြေမီးသတ်စခန်း (၄၅'×၅၀'×၂၆')RCC(၂)ထပ် အဆောက်အဦးအားတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဥသျှစ်ပင် နယ်မြေ မီးသတ်စခန်း (အသစ်)တွင် ယမန်နေ့နံက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စ ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးအေးကြိုင်၊ ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ 
Dec 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ယမန်နေ့ နေ့လည် ၁၂ နာရီက  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 
မုဒုံမြို့နယ်၊ ကမာဝက်မြို့ နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ပါလိတမထေရ်မြတ်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား နတ်တော်လ ကွယ်နေ့တွင် ကျင်းပမည်
Dec 26,2021
နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မွန်ပြည်နယ်ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်မွန်စာပေပညာရှင်တို့၏ အဓိပတိ(မဟာပညာကျော်အရှင်ကဝိ)ဓာတ်တော် ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပါလိတ မထေရ်မြတ်၏ အန္တိမ အဂ္ဂိစျာပန အခမ်းအနားကို ၁၃၈၃ ခုနှစ် ၊ နတ်တော်လကွယ်နေ့၊ ၂၀၂၂ ခုနှစ် ၊ ဇန်န ဝါရီလ (၁)ရက်တွင် မွန်ပြည်နယ်၊မုဒုံမြို့နယ် ကမာဝက်မြို့၌ ကျင်းပမည် ဖြစ်သည်။
ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ
Dec 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၂၀၂၁-၂၀၂၂)ပညာသင်နှစ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
Dec 26,2021
မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community  Centre  ခန်းမ၌ ကျင်းပကြောင်းသိရသည်။