အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို ယနေ့နံနက်(၇)နာရီ အချိန်က ဆောင်ရွက် ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် ပြည်လမ်းနှင့်မင်းကြီးလမ်း ဝဲ/ယာရှိ အမှိုက်များရှင်းခြင်း၊ ရေမြောင်းများရှင်းခြင်း၊ သစ်ကိုင်း ခြောက်များ ရှင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရွာမချောင်းရှိ အမှိုက်များ ရှင်းခြင်းစသည့် လုပ်ငန်းများကို မြို့နယ်စည်ပင် သာယာရေးဌာန ပတ်ဝန်းကျင် သန့်ရှင်းရေးမှ(၁၅)ဦး၊ ရေစီးရေလာ မှ(၁၀)ဦး၊ လမ်း/တံတား(၁၀)ဦး၊ ပန်းဥယျာဉ်မှ(၁၀)ဦးနှင့် မြို့နယ်ရုံးမှ(၅)ဦး စုစုပေါင်း ဝန်ထမ်း (၅၀)ဦး တို့က ဆောင်ရွက်ခဲ့ကြပြီး ရရှိလာသော အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ်ကားဖြင့် စနစ်တကျပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)