ညောင်ဦး ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီ အမီထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ရိုးရာအိုးလုပ် ငန်းအမြဲလုပ်ကိုင်နေ သည့် တောင်ကုန်းကျေးရွာမှ ဦးမြင့်ဆွေကပြောပြသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် အိမ်ခြေ ၁၂၀ကျော်ရှိ ပြီး၊ တစ်ရွာ လုံးနီးပါး ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး ရပ်တည်နေကြကာ အိုးလုပ်ငန်းဆင့်ဆင့်တိုင်း အားရွာရှိလူတိုင်းသိရှိလုပ်ကိုင်ကြကြောင်း သိရသည်။
အိုးလုပ်ငန်းသုံးမြေသား အချွဲ၊ မြေသားအကြမ်းနှစ်မျိုးသာလိုကြောင်း မြေအမျိုးအစားလည်း တောင်ကုန်းကျေးရွာတောင်ဘက် နှစ်ဖာလုံအကွာနှင့် ကျောက်ပန်းတောင်းမြို့နယ် ကမ်းဖြူ ကျေးရွာမြောက်ဘက် သွားရောက်မြေတူးယူခြင်း၊ ဖောကားတစ်စီးကျပ်ငါးသောင်းဖြင့် ဝယ်ယူ ခြင်းတို့ဖြင့် အိုးလုပ်ရန်မြေသားစုဆောင်းထားကြကြောင်း သိရသည်။
တောင်ကုန်းကျေးရွာသူ/သားတိုင်း အိုးလုပ်ရန် အိုးပြင်လှဲ့စက်ကိုလှဲ့တတ်ကြပြီး အိုးအမျိုးမျိုး အား ပုံဖော်သူ(အိုးထွင်းသူ)အိုးပညာရှင်မှာ အမျိုးသမီးများသာ အိုးပုံဖော်သူ ရှိနေပြီး အမျိုးသား များက မြေနယ်ခြင်း၊ အိုးပြင်စက်လှဲ့ခြင်း၊ မြေသယ်ခြင်း၊ လုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း ဦးနေလင်းကရှင်းပြသည်။ အိုးလုပ်ငန်းစတင်လုပ်ကိုင်သည့်နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်း လများသည် အိုးလုပ်ငန်းလှိုင်လှိုင်လုပ်ကိုင်သည့်လများဖြစ်ပြီး ညောင်ဦးမြို့နယ်တောင်ကုန်း ကျေးရွာထွက်ပြာသိုသောက်ရေးအိုးနှင့်ထန်းဆွဲမြူအိုးတို့မှာ နာမည်ရအိုးလုပ်ငန်း၏အမှတ်အသားပင်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထန်းတက်ဒေသများမှလာ ရောက်ဝယ်ယူကြရာ ကျောက်ပန်းတောင်းမြို့နှစ်ကျပ်ခွဲရွာ၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်း ကျေးရွာ၊တက်မကျေးရွာ၊ တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ၊ တေင်သာမြို့၊ ပခုက္ကူမြို့နှင့် ငါ့သရောက်တစ်နယ်လုံး တောင်ကုန်းကျေးရွာမှထွက်ရှိသည့် အိုးတို့ကိုသာ သုံးကြကြောင်း အိုးလုပ်ငန်းရှင် ဦးမြင့်ဆွေကရှင်းပြသည်။
တောင်ကုန်းကျေးရွာတွင် စုပေါင်းအိုးဖုတ်(အိုးဖို)ကုန်းသုံးနေရာရှိပြီး မဲနှိုက်ကာ မဲကျသည့် အိုးဖုတ်(အိုးဖို)ကုန်းတွင်သာအိုးဖိုကြကြောင်း၊ အိုးတခါဖုတ်လျှင် အိုးလုပ် ငန်းလုပ်ကိုင်သူ သုံးဦး ထိအိုးဖိုးကြကာ သူသာသည်၊ ကိုယ်သာသည် သဘောမထားပဲအိုး ဖုတ်ကြကြောင်း တောင်ကုန်း ကျေးရွာထွက် အိုးအမျိုးမျိုးသည် ပါးလွှာပြီးခိုင်ခန့်သည့်အတွက် လူကြိုက်များကြသည်။ တောင်ကုန်းကျေးရွာမှ ပြာသိုသောက်ရေအိုး ၊ထန်းဆွဲမြူအိုး ၊ လက်ဆေးမြေဇလုံ၊ ဟင်းချက်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ရိုးရာအရက်ချက်ပေါင်းအိုး၊ မြေပန်းအိုး၊ မုန့်ပြစ်သလပ်အိုးခင်း၊ မြေသားစုဘူး၊ မြေသားဘုရားပန်းအိုး၊ မြေသားမီးဖို၊ ဆားထည့်အိုးငယ်၊ အိုးပုတ်ချိုးရုပ်များ လုပ်ကိုင်ကြကြောင်းသိရကာ ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးစတင်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်းသိရသည်။
ကိုထိန်၊KPD