ဘုတ်ပြင်းမြို့စတိန်‌ကျေးရွာအုပ်စု ကရင်စုကျေးရွာတွင် အကြိုအခြေခံမီးသတ် သင်တန်းဖွင့်လှစ်ပို့ချ

ဘုတ်ပြင်း  ဒီဇင်ဘာ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် စတိန်ကျေးရွာအုပ်စု ကရင်စုကျေးရွာတွင် မြို့နယ်မီးသတ် ဦးစီးဌာနက အကြိုအခြေခံမီးသတ်သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့က စတင်ပို့ချခဲ့ပြီး သင်တန်းကို ၅ ရက်တာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အခြေခံလက်နက်မဲ့ စစ်ရေးပြ‌လေ့ကျင့်ခန်း၊ ပိုက်လိပ်၊ ပိုက်ခေါက် ကိုင်တွယ်နည်း၊ မီးသတ်စက်ကလေး လေ့ကျင့်ခန်း၊ မီးသတ်ယာဉ်ပါ ပစ္စည်းကရိယာများအား ကျွမ်းကျင်စွာကိုင်တွယ် နိုင်ရေး၊ မီးသတ်ယာဉ်အား အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်း ၊မီးလောင်းမှု ဖြစ်ပွား လာပါကသန္ဓေ၊ အရန်ပူးပေါင်း၍ မီးသတ်ယာဉ်နှင့် မီးသတ် စက်ကလေး တို့အား အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်နိုင်ရေးအတွက် ရေစိုလေ့ကျင့်ခန်းတို့က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
 အဆိုပါ သင်တန်းတွင် အရန်မီးသတ် တပ်ဖွဲ့ဝင် (၂၀) ဦး တက်ရောက်လျက်ရှိကြောင်းနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို မြေပြင်လက်တွေ့အသုံးချတတ်စေရန် ရည်ရွယ်ပြီးစနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးထံမှ သိရှိရပါသည်။

ဖြူဖြူသိန်း