ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့်   ကျေးလက်တောရွာများအထိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်း  ဒီဇင်ဘာ ၂၆

ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာနှင့် ဆယ်မိုင်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီးမိသားစုဝင်များ၊ နှင့်အသက်(၁၈)နှစ်ပြည့်ပြီးသူများ ၊ အကြောင်းအကြောင်း ကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန်ကျန်ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အား ပန်းခင်း စီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက် ပေးလျှက်ရှိရာ ကော့သောင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များအပြင် ကျေးလက်တောရွာများအထိကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်း ဖြစ်ကြောင်းလည်းသိရသည်။