ဟိုပုံး ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒီဇင်ဘာ အားကစားလ လူထုလမ်းလျှောက်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက် ၅ နာရီခွဲချိန်က ပြုလုပ်ခဲ့ကြသည်။
လူထုလမ်းလျှောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ အားကစားဝါသနာရှင် လူငယ်မောင်မယ်များတို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမမှ စတင်ထွက်ခွာပြီး၊ ဟိုပုံး-လွိုင်လင် ပြည်ထောင်စု လမ်းမကြီးအတိုင်း၊ အလင်းပွင့် ဓါတ်ဆီဆိုင်အထိ၊ ထိုမှ စုရပ်ဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမသို့ တစ်ပတ် စုပေါင်းလမ်းလျှောက်ကြပြီး စုပေါင်းကိုယ်ကာယ သွေးပူလေ့ကျင့်ခန်း အတွဲ(၁-၂) တို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)