ထန်းတပင် ဒီဇင်ဘာလ ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၆၈)ကြိမ်မြောက် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ အုပ်စု၊ လှည်းဆိပ်ကျေးရွာ၊ မနော်ဟရီ ကျောင်းတိုက်ကြီးတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့မှ ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ဝင်ရောက်ဖြေဆို သည့်လူပုဂ္ဂိုလ်များအနေဖြင့်(၈၀)ဦးရှိထိကြောင်းသိရသည်။
အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ ဝင်ရောက်ဖြေဆိုရာတွင်လည်း ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် အဘိဓမ္မာ(ဂုဏ်ထူးဆောင်)ရိုးရိုးဖြေဆိုသည့် လူပုဂ္ဂိုလ်အမျိုးသား(၁၆)ဦးနှင့် အမျိုးသမီး(၄၂) ဦး၊ အဘိ ဓမ္မာ (ဂုဏ်ထူးဆောင်) ပထမတန်းတွင် ဖြေဆို သည့် လူပုဂ္ဂိုလ်အမျိုးသမီး(၁)ဦး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသည့် လူပုဂ္ဂိုလ်(၅၉)ဦး၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ဒုတိယအဆင့်တွင် ဖြေဆိုသည့်လူပုဂ္ဂိုလ်အမျိုးသမီး(၂)ဦး၊ အဘိဓမ္မာ (ရိုးရိုး) ဒုတိယအဆင့်တွင် ဖြေဆိုသည့် လူပုဂ္ဂိုလ် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသည့် လူပုဂ္ဂိုလ်(၁၂)ဦးနှင့် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် အဘိ ဓမ္မာ (ရိုးရိုး) တတိယအဆင့်တွင် ဖြေဆိုသည့်လူပုဂ္ဂိုလ် အမျိုးသား (၂)ဦးနှင့်အမျိုးသမီး (၇) ဦး စုစုပေါင်းဝင်ရောက်ဖြေဆိုသည့်လူပုဂ္ဂိုလ်(၉)ဦးတို့ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရ သည်။
အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲဖြေဆိုမှုများကိုလည်း မြို့နယ်သံဃနာယကအဖွဲ့မှ ဆရာ တော်ကြီးများကြီးကြပ်၍ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်း လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)