မုဒုံ ဒီဇင်ဘာ ၂၆
ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များ ဘာသာတရားကို ကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာ သူများ များစွာပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံ မြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ ဦးစီးကျင်းပသည့် (၇၂)ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင် အငယ်တန်းအဆင့်စာမေးပွဲကို မြို့မ (၄)ရပ်ကွက်၊ဓမ္မရာဇိန်ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
စာမေးပွဲဖြေဆိုရာတွင် မုဒုံမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း သြဝါဒစရိယ ဆရာ တော်ကြီးများ၊ အသင်းနာယကကြီးများ၊ အလုပ်အမှုဆောင်နာယကများ၊မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များနှင့် အလှူရှင်များတို့က ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
အဆိုပါ (၇၂)ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင် အငယ်တန်းအဆင့်စာမေးပွဲကို မြို့ပေါ်၊ ကျေးရွာများရှိ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၃၁)ဦး ဝင်ရောက်ဖြေဆို ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)