ပခုက္ကူ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ခု၊ နတ်တော်လပြည့်ကျော်ကာလများအတွင်း မွေးနေ့ အထိမ်းအမှတ် အလှူပွဲကျင်းပသူများ၊ဆီမီးပူဇော်သူများဖြင့် စည်းကားလျက်ရှိကြောင်း ဒေသခံ ပြည်သူများထံက သိရသည်။
“ပခုက္ကူမြို့တွင် ၁၃၈၃ခု၊ နတ်တော်လပြည့်ကျော်ကာလများအတွင်း ဘုန်းတော်ကြီးကျောင်းများ အသီးသီးတို့တွင် မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများ၊ဆရာသမားများ ဖိတ်ကြားကာ မွေးနေ့အထိမ်းအမှတ်အဖြစ် ရဟန်း၊သံယာ၊ သီလရှင် များအား လှူဖွယ်ဝတ္တုငွေ၊ ပစ္စည်းနှင့်ဆွမ်းများဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာ တော်၊ သံယာတော်အရှင်သူမြတ်များထံမှ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရား တော်များနားယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခြင်းများ ဆောင်ရွက်ခြင်း၊ ဘုရားစေတီပုထိုးများတွင် ပန်းနှင့်ရေချပ်များဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊ ဆီမီးများ ထွန်းညှိပူဇော်ခြင်းများဖြင့် စည်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်သော်လည်း ကမ္ဘာသူ၊ကမ္ဘာသားများအားလုံး ယခုလက်ရှိကမ္ဘာ့ကပ်ဆိုး ကြီးသဖွယ် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါအန္တရာယ် အပါအဝင် ရောဂါဘယအပေါင်းတို့မှ ကင်းဝေးကြ စေရန်နှင့် မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းသာယာအေးချမ်းတို့အတွက် အသီးသီးဆုတောင်းပေးကြကြောင်း” ပခုက္ကူမြို့၊ စနစ်သစ်ပုထိုးတိုက်ကျောင်းတွင် မွေးနေ့အလှူပြုလုပ်သူ စာရေး ဆရာမ စိမ်းမြမြက ပြောပြသည်။
ထို့အပြင် ပခုက္ကူမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားပုထိုးစေတီများတွင် ရပ်နီးရပ်ဝေးမှ လာရောက် ဘုရားဖူး မျှော်ပြည်သူများဖြင့် စည်းကားလျက်ရှိသလို ခရစ်ယာန်သာဘာဝင်များအကလည်း ဝတ်ပြုကျောင်းများ တို့တွင် ခရစ္စမတ်ပွဲတော်များ စည်းကား သိုက်မြိုက်စွာ အသီးသီးကျင်းပကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)