မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၅) နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင်     ဇန်နဝါရီ        ၂

၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ၁၂ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက်၊စိန်ရတုပြည်ထောင်စု နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊  အောင်ဆန်းခန်းမ၌   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က   မွန်ပြည်နယ်အတွင်းရှိ     တိုင်းရင်းသားလူမျိုး များ၏ စာပေ၊ ယဉ်ကျေးမှု  ဓလေ့ထုံးတမ်းများ၊ အထင်ကရနေရာများ၊ ဒေသထွက်ကုန် ပစ္စည်းများအား ပေါ်လွင်ရန်  (၇၅) နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင်  အလှပြယာဉ်များ၊ တိုင်းရင်းသားရိုးရာ  အကအလှအဖွဲ့များ  စေလွှတ် ပေးနိုင်ရေးအတွက်      ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ် အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ  မပျောက်ပျက်အောင်   ထိန်းသိမ်း ကာကွယ်ရေးစောင့်ရှောက်နိုင်ရေးအတွက်  အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊     မိမိတို့ ပြည်နယ် အတွင်းရှိ  အနုသုခုမ ရိုးရာအမွေအနှစ်များကိုလည်း အဆိုပါအခမ်းအနားတွင်ဖော်ထုတ်ပြသပေးစေလိုကြောင်း  ပြောကြားသည်။ 

ထို့နောက် တက်ရောက်ကြသည့် ပြည်နယ်ဝန်ကြီးများနှင့်သက်ဆိုင်ရာဌာနအလိုက်ကော်မတီ အဖွဲ့ဝင်များ၏ ရှင်းလင်းတင်ပြ ဆွေးနွေးမှုအပေါ်ပြည်နယ်ဝန်ကြီးချုပ်ကတိုင်းရင်းသားလူမျိုးတို့၏  ပုံရိပ်ကို ပေါ်လွင်စေမည့် အလှပြယာဉ်များ၊ တိုင်းရင်းသား ရိုးရာ အကအဖွဲ့များ စေလွှတ်ပေးနိုင်ရေး အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။ 

မွန်ပြည်နယ် အနေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး   လေးစားမှုရှိစေရေး၊   စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းများ၊ တိုင်းရင်းသားလူမျိုးများ၏ပညာ ရေး၊ ကျန်းမာရေး၊   စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး  ကဏ္ဍများကိုလည်း အထူးအလေးပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)