ပင်လောင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ပင်လောင်း    ဇန်နဝါရီ   ၂

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း(၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center)ရှိ ပိုက်ကျော်ခြင်းကွင်းတွင် ယနေ့နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲသို့ ပင်လောင်းမြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခြင်းလုံးအားကစားကို စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များပါဝင်သည့် အသင်း(၁၄) သင်းပါဝင် ယှဉ် ပြိုင် ကြပြီးဇန်နဝါရီ(၂)ရက်နင့်(၃)ရက်နေ့များတွင် အုပ်စုပတ်လည်ပွဲစဉ်များနှင့် ရှုံးထွက် ပွဲစဉ်များအား ကျင်းပသွားမည်ဖြစ်ပြီး ဇန်နရီလ(၄)ရက်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသော အသင်းများအား ဆုဖလား၊ ဆုတံဆိပ်များနှင့် ငွေသားဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)