ပိုင်ကျုံ ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၃)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ဇန်နဝါရီလ ၂ ရက်နေ့ ည ၇ နာရီ အချိန်က စတင်ထိုးသတ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဇန်နဝါရီလ ၂ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ၃ ရက်ကြာ ထိုးသတ်ယှဉ်ပြိုင်မည် ဖြစ်ပြီး(၂.၁.၂၀၂၂)ရက်နေ့တွင် ထွန်းလင်းအောင်(ကရင်သား) (အောင်နိုင်သူ)+နက္ခမင်း(ဇွဲကပင်မြေ)၊ လင်းထက်အောင် (တောင်ကလေး)+အောင်ရဲလင်း (သုံးပန်လှ)၊ သွေးလင်းထက်(ဇွဲကပင်မြေ)+ နေရိုင်း (ဓမ္မဟေဝန်)၊ ဝေါအွာလ(ဇာနည်သွေး)+ စိုးမင်းထက်(အဲကညော)၊ မြလင်းရွှေ(ဓမ္မဟေဝန်)+ ကရင်လေး (ဇွဲကပင်မြေ) တို့လည်းကောင်း၊ (၃.၁.၂၀၂၂)ရက်နေ့တွင် နက္ခအောင်(ဇွဲကပင်မြေ)+စောမင်းနိုင်(သုံးပန်လှ)၊ အောင်အောင်ထူး (အောင်နိုင်သူ)+မင်းကျော်ဇ(ဇွဲကပင်မြေ)၊ စွမ်းထက်အောင်(တိုက်ဂါး)+မိုးဟိန်း(အဲကညော)၊ အောင်ခဲစော(အောင်နိုင်သူ)+သိန်းထူး(ဒေါနပွင့်သစ်)၊ စောမင်းသူ(တိုက်ဂါး)+စိုးဦး(သုံးပန်လှ) တို့ လည်းကောင်း၊ (၄.၁.၂၀၂၂)ရက်နေ့တွင် သပြေညို(စက်ရုံ)+သွေးသစ်အောင်(ဒေါနပွင့်သစ်)၊ ကိုနိုင်း(ဇာနည်သွေး) +ကမ္ဘာကျော်(ဖလုံပညောတဝေါင်)၊ မင်းညီထွန်း (တိုက်ဂါး)+ ချစ်ကို(ဓမ္မဟေဝန်)၊ ရန်နိုင်(တိုက်ဂါး)+ဒေါင်းဖြူလေး(ဒေါနပွင့်သစ်)၊ ရွှေဖူးလေး(ဇွဲကပင်မြေ)+ ကျောက်ရိုင်း (ဓမ္မဟေဝန်)၊ စောရဲနောင်(ဖလုံပညောတဝေါင်)+ သူရဲကောင်း(စက်ရုံ)တို့ ထိုးသတ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ဝှေ့ဝါသနာရှင် ပြည်သူများနေဖြင့် ကစိုကျေးရွာ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲကို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)