ကျိုက်ထိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

ကျိုက်ထို ဇန်နဝါရီ ၂

ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်းကာ အားကစားနည်းများအလိုက် ဇန်နဝါရီ(၁)ရက်မှ (၄)နေ့ထိ ကျိုက်ထိုမြို့၊ ဖက္ကလိပ် ကျေးရွာရှိ အောင်ဆန်းအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီးပွဲစဉ်  ပထမရက်အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည့်  ဌာနဆိုင်ရာများအား သတ်မှတ်ကစားနည်းများအလိုက် ကျင်းပ​ပေးမည်ဖြစ်သည်။

အဆိုပါ အထိမ်းအမှတ်ပြိုင်ပွဲတွင်ဘော်လိဘော၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲပွဲ၊ ထုတ်ဆီးထိုးနှင့် မီတာ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀အပြေးပြိုင်ပွဲ အားကစားနည်းများကို ဌာနဆိုင်ရာများမှ အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး မွေးထုတ်ပေးလျက်ရှိရာ အားကစားဝါသနာပါသူများအား ကျန်းမာကြံ့ခိုင်မှု၊ အရည်အသွေးပြည့်ဝမှု နှင့် စိတ်ဓာတ်ရေးရာမြင့်မားရေး ဘက်စုံ၊ ထောင့်စုံမှ အားကစားနည်းများအလိုက် ဌာနဆိုင်ရာဝန်ထမ်းများ အချင်းချင်း ရင်းနှီးချစ်ကြည်စည်းလုံးညီညွှတ်စွာဖြင့် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်နိုင်‌အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)