မင်းလှမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ

အထက်မင်းလှ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့  အထိမ်းအမှတ်အကြို ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၅)ဦးတို့က နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေးတွင်   လွတ်လပ်ရေးသည်မရှိမဖြစ် လိုအပ်သည့်    ပင်မရင်းမြစ်အသက်‌ သွေးကြော ဖြစ်သည်၊     လွတ်လပ်ရေးကိုအခြေတည်      ပြည်ထောင်စုဖွား သွေးချင်းများ သွေးရင်းချစ်ကြည် လက်တွဲညီကြမည်၊   (၇၄) နှစ်မြောက်မှသည်     ထောင်စုနှစ်များဆီ ဦးတည်လို့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့၊ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

မင်းလှမြို့နယ်တွင်  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကား ပြောပြိုင်ပွဲ ကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိပြီး လွတ်လပ်ရေးကို အမြတ်တနိုးတန်ဖိုးထား တတ်စေရန်အတွက်   ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို (၇၄)နှစ်မြောက်လွတ်လပ်နေ့ အခမ်းအနား တွင်  ဆုများပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)