ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ဒဂုံတောင် ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်က အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များအား အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ ဖြန့်ဝေသော လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ မြန်မာ့ လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နှုတ်ချက်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် နေ့က အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ဝန်ကြီးချုပ်ဦးနုမှ

ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်နှင့် တို့များဆင်မြန်း လွတ်လပ်ရေးပန်း(ကဗျာ)၊ ကာတွန်းတို့ကိုဝေဝေဆာဆာ ဖော်ပြထားကြောင်းလည်း သိရှိရသည်။

ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်