တံတားမြို့တွင်( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

တံတား ဇန်နဝါရီ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ( ၇၄ ) နှစ်မြောက်   လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  သတင်းစကား  လက်ကမ်းစာစောင် များကို   ကမ္ဘာတည်သ၍   မြန်မာ့   လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေး အတွက်   မျိုးချစ်စိတ်   ထက်သန်သည့်   ပြည်သူများက    ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား  စည်းလုံးညီညွတ်မှု  စိတ်ဓာတ် တို့ဖြင့်  ကာကွယ်  ထိန်သိမ်း  စောင့်ရှောက်  တတ်စေရန် ရည်ရွယ်၍  ယနေ့  နံနက်ပိုင်းက  မြို့မဈေး၊  အခြေခံပညာ  အထက်တန်းကျောင်းနှင့်  ကားဂိတ်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၂ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့  အမျိုးသားရေး ဦးတည်ချက်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ  နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (၆) လပြည့်  နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သတ်၍  ပြောကြားသည့်  မိန့်ခွန်းမှကောက်နုတ်ချက်၊  မြန်မာ့ လွတ်လပ်ရေး   ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော    စာချုပ်များ၊  အမျိုးသား  ညီညွတ်ရေး၊   ဖိုလေးလုံး     သောင်းကိုကို    ရေးသားသည့် ‘တို့များ ဆင်မြန်း လွတ်လပ်ပန်း’    ကဗျာ၊   ကာတွန်း   အစရှိသည့်   အကြောင်းအရာများ   ပါဝင်သည့် သတင်း စကားလက်ကမ်းစာစောင်  စောင်ရေ (၂၅၀) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာနက   အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်