မိုင်းဖြတ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းဖြတ်   ဇန်နဝါရီ   ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို   ယနေ့နံနက်ပိုင်းက  ယာယီ ပျံကျဈေးနှင့် အထက ကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက(အခမဲ့) ထုတ်ဝေသည့်   (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များကို ယာယီပျံကျဈေးရှိ ဈေးရောင်း၊ ဈေးဝယ်များ၊ တက္ကစီဂိတ်များ၊ အထက(မိုင်းဖြတ်)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား ရေးဦးတည်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ ၂၀-၁-၁၉၄၆ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ မြန်မာ့ လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များစသည့် မြန်မာ့လွတ်လပ်ရေးနေ့ သမိုင်းအကြောင်း သိကောင်းစရာများပါရှိကြောင်း သိရသည်။

သန်းထွန်းအေး