သုံးခွ ဇန်နဝါရီ ၃
လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်စေ ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စီစဉ်ထုတ်ဝေသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများ၌ လိုက်လံဖြန့်ဝေခဲ့သည်။
အသိပညာပေး လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ အစရှိသော အကြောင်းအရာများ ပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်