ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၄
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယနေ့နံနက် ၈နာရီခွဲအချိန်မှ စတင်ကာ အကစားဝါသနာရှင် လူငယ်၊ လူရွယ် မောင်မယ်များမှ ပျော်ရွင်အေးချမ်း သာယာစွာဖြင့် ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွင်ပွဲများကို မြို့နယ်အားကစားနှင့် ကာပညာ ဦးစီးဌာနမှ ဦးဆောင်ကျင်းပလျက်ရှိပြီး အမှတ်(၁)ရပ်ကွက်ရှိ မြို့မဘောလုံး အားကစားကွင်း၌ ပြုလုပ်ကျင်းပလျက်ရှိပြီး ပြေးခုန်ပစ်အားကစားနည်းများ အမျိုးသမီးစကော ရွက်ပြိုင်ပွဲ၊ ချောတိုင်တက်ခြင်း၊ ကလေးငယ်များ ခေါင်းအုံးရိုက် ပြိုင်ပွဲများ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ပါဝင်လျက် လူငယ်၊ လူရွယ် မောင်မယ်များမှ ပျော်ရွင်အေးချမ်းသာယာစွာဖြင့် တစ်ပျော်တစ်ပါး ယှဉ်ပြိုင်ကစားလျက်ရှိရာ အားကစားနည်းများအလိုက် အသင်းလိုက်ဆုများနှင့် တစ်ဦးချင်းစီဆုများ ရရှိသူများအား မြို့နယ်အားကစားနှင့် ကာယာပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ခိုင်ကျော့ကျော့ဝေနှင့် တာဝန်ရှိ သူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး