သတင်းများ

ရေကြည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် (၄) နာရီ (၂၀)မိနစ် အချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။
သံတွဲမြို့၌ (၇၄)နှစ်မြေက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄:၂၀ နာရီ က သံတွဲမြို့ ဦးဥတ္တမပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင် ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံတင်တပ်ဖွဲ့မှ နိုင်ငံတော်အလံကို လွှင့်ထူကာ တက်ရောက်လာကြသူများက အလေးပြုကြသည်။
ငရုတ်ကောင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်၈နာရီကအမှတ်(၁)ရပ်ကွက်ရှိဖူဆယ် ဘောလုံး ကွင်း၌ကျင်းပခဲ့ကြသည်။
ဆားလင်းကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄နာရီ ၂၀မိနစ်အချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပျော်ဘွယ်မြို့နယ်တွင် ဖြန့်ဝေ
Jan 05,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာသည့်ပြည်သူများ၊ လူစည်ကားသည့်စျေး၊ မော်တော် ကားဂိတ်တို့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့က ဖြန့်ဝေပေးခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 05,2022
ပျော်ဘွယ်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လွတ်လပ်ရေး ကျောက်တိုင်ကွင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီအချိန်က ရွှေတောင်စုရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ 
Jan 05,2022
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊တေဇရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်း၌ ယမန်နေ့ နံနက် ၇ နာရီ အချိန်က ကျင်းပပြုလုပ်သည်။