မြစ်သားမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

မြစ်သား ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကိုယနေ့ နံနက်(၈)နာရီက မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများက မြို့မစျေးနှင့် အခွန်လွတ်​စျေးအတွင်း သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် အလွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆို ခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားသောတို့များ ဆင်မြန်းလွတ်လပ်ပန်း (ကဗျာ)၊ ကမ္ဘာတည်သ၍ မြန်မာ့ လွတ်လပ်ရေးတည်မြဲရေးအတွက် မျိုးချစ်စိတ် ထက်သန်သည့် မိမိတို့တိုင်းရင်း သားအားလုံးကပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု စိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် အသိပညာပေး ကာကွန်းများ ပါဝင်ကြောင်း သိရှိရသည်။ 

မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် လက်ကမ်းစာစောင်များကို  ပြည်သူများမှ ရရှိသောလွတ်လပ်ရေးအနှစ်သာရ၊ လွတ်လပ်ရေး အမွေ အနှစ်ကို ထိန်းသိမ်း ကာကွယ်လိုစိတ်နှင့် မျိုးချစ်စိတ်ဓါတ်များ ရှင်သန်နိုးကြားစေ လိုသောရည်ရွယ်ချက်များဖြင့် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

မြမြမွန် (မြစ်သား)