ကော့သောင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ

ကော့သောင်း ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  ကော့သောင်းမြို့၊ ပိတောက်ရွှေဝါ ရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူ များအား ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားပြီး ပထမကြိမ် ဆေးထိုးနှံပြီးသူ အသက် (၁၈) နှစ် အထက် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ  သတ်မှတ် ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးလျက်ရှိပြီး ယနေ့မြို့ပေါ်ရပ်ကွက်များမှ ပထမကြိမ်ဆေးထိုးနှံပြီး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ် အနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၅၀၀၀၀) ကျော်ရှိပြီးဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးရှိ လူဦးရေအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံနိုင်မှု (၅၁.၉၆) ရာခိုင်နှုန်းခန့် ရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)