ပုလောမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များ အား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံ

ပုလော   ဇန်နဝါရီ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက်(၈)နာရီက ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက ဆေးထိုး/ဆေးတိုက်ရန် လာရောက်သည့် မိခင်နှင့်ကလေးငယ်များကိုယ်ဝန်ဆောင်များကို အပြင်ထွက်တိုင်း နှာခေါင်းစည်းစနစ် တကျတပ်ဆင်စေခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ကိုစနစ်တကျဆေးကြောစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်စေပြီး ဘက်စုံသားဖွား ဆရာမ ဒေါ်ခင်၀င်းက မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်တစ်နှစ်ခွဲနှင့် တစ်နှစ်အောက် ကလေးများအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)