ဟိုင်းကြီးကျွန်းမြို့တွင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တော်မူသော  မဟာမကုဋရံသီမြတ်မော်တင် စွန်းစေတီတော်မြတ်ကြီး ဘုရားပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ကန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟိုင်းကြီးကျွန်းဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား  နှစ်စဉ် နှစ်တိုင်း ကျင်းပနေမြဲဖြစ်သည့် ဘုရားပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းကမြတ်မော်တင်စွန်းကျောင်းတိုက်၌ကျင်းပခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အစီအစဉ် (၆)ရပ်ဖြင့် ပြုလုပ်ခဲ့ပြီး မြတ်မော်တင်စွန်းဆရာတော် က သြဝါဒစကားပြောကြားခဲ့သည်။၄င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သူ က ပွဲ တော်ဖြစ်မြောက်ရေး အတွက်  ဆွေးနွေးပြောကြားခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းနေရာများကို လိုက်လံကြည့်ရှုပြီးလိုအပ်သည်များကိုမှာကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးသူရကျော်၊ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ တာ ဝန်ရှိသူများ ၊ ဟိုင်းကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊လမ်းဦးစီးဌာန၊ ဦးစီး အရာရှိ (မြို့ပြ) ဦးသက်ဇော်ထွန်း၊မြို့နယ်ဆည်မြောင်းဦးစီးမှူးဦးထွန်းမင်း ၊ ဟိုင်းကြီးကျွန်း မြို့ရှိ  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်းသိရသည်။

အဏ္ဏဝါမေ(ဟိုင်းကြီးကျွန်း)