သပိတ်ကျင်း ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနဝန်များများက ယနေ့နံနက်(၉)နာရီက မြို့ပေါ် ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ၌ လက်ကိုင် (Hand Speaker) ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်သည် အခြားနိုင်ငံ များတွင် စတင်ဖြစ်ပေါ်နေပြီး မိမိတို့နိုင်ငံတွင်လည်း အဆိုပါရောဂါရောက်ရှိနေပြီဖြစ်၍ ကြိုတင် သတိထား ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်အပြည့်အဝထိုးနှံ ထားရန် အတတ်နိုင်ဆုံးမိမိတို့၏ နေအိမ်များတွင်သာနေထိုင်ခြင်းဖြင့် လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကြ ရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask) နှာခေါင်းစည်းများ စနစ်တက တပ်ဆင်ရန်၊ လက်ကို မကြာခဏ စက္ကန့်(၂၀)ခန့် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန်၊ ရောဂါပိုးကူးစက် သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ စစ်ဆေးမှုခံယူပြီး ကုသကြရန်၊ ကာကွယ်ဆေးထိုးခွင့်ရရှိပါက ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးကြရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များအား ကိုယ်စီလိုက်နာကြရန် ရပ်ကွက်များ အတွင်း လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)