မှော်ဘီမြို့နယ်တွင် အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

မှော်ဘီ  ဇန်နဝါရီ   ၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု(၆)လဘဏ္ဍာရေးနှစ်ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အခြေခံ မော်တာ စက်ချုပ်သင်တန်းကို သန္ဓေပင်ကျေးရွာအုပ်စုတွင် ဖွင့်လှစ်ခဲ့ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းက အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာအုပ်စုရှိ သံတံတားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းက သင်တန်းဆင်းအမှာစကားများပြောကြားခဲ့ကာ မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ များအား သင်တန်းဆင်း လက်မှတ်များပေးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများ ချုပ်ထားသည့် အဝတ်ထည်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်းလည်းသိရသည်။

 အဆိုပါ သင်တန်းကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ မှ ၂၀၂၂ခုနှစ်၊ ယမန်ရက်နေ့အထိ တစ်လကြာဖွင့်လှစ်ဆောင်ရွက်ခဲ့ကြပြီး သင်တန်းသို့ ကျေးရွာနေပြည်သူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်းသိရသည်။ 

 ဇင်မင်းထိုက်