မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား (၃) လတစ်ကြိမ် ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများအား အိမ်တိုင်ရာရောက်ပေးအပ်

ရန်ကုန် ဇန်နဝါရီ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ် ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀) မှ အသက်(၈၅) နှစ်နှင့် အထက် ဘိုးဘွား (၄၉၄) ဦးအား ယမန်နေ့မှ စတင်ကာ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၄၉၄)ဦးအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များအတွက် လူမှုရေးပင်စင်တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့်  စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၄၈၂၀၀၀၀) ကျပ်ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ရပ်ကွက် (၂၀)၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ကနဦးလွှဲပြောင်း ပေးအပ်ခဲ့ကြသည်။

ထို့နောက် အဆိုပါ ထောက်ပံ့ငွေများအား ယမန်နေ့ ညနေပိုင်းမှစတင်၍ ရပ်ကွက်(၂၀)ရှိ အသက်(၈၅)နှစ်နှင့် အထက်  ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အဖွဲ့များက  အိမ်တိုင်ရာရောက် လိုက်လံပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)