ရန်ကင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ်အရောက် ထောက်ပံပေးအပ်

ရန်ကင်း ဇန်နဝါရီ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းရှိ သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများက ရပ်ကွက်များအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၄၉၀)ဦးအတွက် တစ်ဦးလျှင် ကျပ်(၃၀၀၀၀/-) နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၄၇၀၀၀၀၀/-)ကျပ်တိတိကို လူမှုရေးပင်စင် ခံစားခွင့်ရှိသူ သက်ကြီးဘိုးဘွား များ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၅)ရပ်ကွက်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၄၉၀)ဦးရှိပြီး လက်ဝယ်အရောက် ရရှိရေးအတွက် ရပ်ကွက်များရှိ တာဝန်ရှိသူ များက လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)