ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်

ဒဂုံတောင် ဇန်နဝါရီ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင်ငွေများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ပေးအပ်ခြင်းကို ဇန်နဝါရီလ ၃ ရက်နေ့က စတင်ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်ကလည်း အမှတ် (၁၈)ရပ်ကွက်တွင် လူမှုဝန်ထမ်းဦးစီဌာန တောင်ဒဂုံမူကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ်ရတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဘိုးဘွားများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဒဂုံမြိူ့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်(၃၂)ခုရှိပြီး (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၉၄၃)ဦးအတွက်  ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

သန်းသန်းအေး(ပြန်/ဆက်)