မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာ၌ အဓိဌာန်ဆရာတော်ဘုရား ကြီးမှူး၍ နှစ်ထပ်တိုက်နယ် ဆေးရုံဆောက်လုပ် လှူဒါန်း

မင်းပြား ဇန်နဝါရီ  ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာသည် မင်းပြား၊  ပေါက်တော ကားလမ်းပေါ်တွင် တည်ရှိပြီး ကမ္ဘာဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် မဟာဇေယျသိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီးက ဦးဆောင်ကြီးမှူး၍  ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာ နှစ်ထပ် တိုက်နယ်ဆေးရုံကို ရိုးမအာရုဏ်ဆောက်လုပ်ရေးကုမ္ပဏီမှ  တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး အတိုင်းအတာမှာ အလျှား(၁၃၅)ပေ၊ အနံ(၅၆)ပေရှိ နှစ်ထပ် တိုက်နယ် ဆေးရုံသစ်ရတနာအုဋ်မြတ်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပ ပြုလုပ်သည်။

အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို ကန်တော့ဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်များက ပြည်တွင်း ပြည်ပကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် မဟာဇေယျသိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသိလ ဆောက်တည်ခံယူ၍ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ရေ၊  ပရိတ်ခြေ၊ ရတနာအုဋ်မြတ် တို့အား ဌာနဆိုင်ရာ အကြီးအကဲ (၉)ဦးမှ သံဃာတော်များထံ လှူဒါန်းပြီး ဆရာတော် သံဃာတော် အရှင်သူမြတ် တို့ထံမှ မေတ္တာသုတ္တံပရိတ်တရားတော်မြတ်ကို နာယူကာ ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် မဟာဇေယျသိဒိ္ဓ အဓိဌာန်ဆရာတော်ဘုရားကြီးထံမှ တိုက်နယ်ဆေးရုံ  ဆောက်လုပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဩဝါဒဓမ္မကထာချီးမြှင့်ကာ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ရေ၊ ပရိတ်ခြေ၊ ရတနာ အုဋ်မြတ်တို့အား နှစ်ထပ်တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်နိုင်ရန် ရတနာအုဋ်မြတ်စီ မင်္ဂလာ ပြုလုပ်မည့် နေရာသို့သွားရောက်ပြီး ပြည်တွင်း ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော် ရှင်မဟာဇေယျသိဒိ္ဓ အဓိဌာန်ဆရာတော် ဘုရားကြီး အမှူးပြုသော သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲ တို့က ရတနာအုဋ်မြတ်စီ မင်္ဂလာပြုလုပ်၍ ဇယန္တောဗောဓိယာမှုလေ သုံးဂါထာရွတ်ဆို ပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သိန်းနုအောင်