အထက်မင်းလှ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် စာပေချစ်မြတ်နိုးသူများ (Book club) အဖွဲ့တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ အနာဂတ်ကိုမျှော်တွေးပါစာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး က စာပေဖတ်ရှူခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် စာပေဖတ်ရှူခြင်းဖြင့် အမှား/အမှန် ဝေဖန် ပိုင်းခြားနိုင်စေရန်၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများ(Book club) အဖွဲ့ ဥက္ကဋ္ဌ စာရေးဆရာ ဦးတင်အောင်ဝင်း(ရဲသွေးနီ-တမာမြေ)၊ ဦးခင်မောင်မြင့်(တာတူးလေး)၊ ဦးဇင်မင်းထွန်း (လင်းကယ်-စင်ကြယ်)တို့က စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ အနာဂါတ်ကိုမျှော်တွေးပါစာအုပ်တွင် ပါရှိသောစာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေး ခဲ့ကြသည်။ ယင်းနောက် တက်ရောက် လာကြသည့်စာပေဝါသနာရှင်များက မိမိတို့သိလို သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)