အလယ်ချောင်းအထက်ကျေးရွာတွင်  လူသုံးကုန်ထုတ်လုပ်နည်းဆပ်ပြချက် သင်တန်းဖွင့်လှစ်

လိပ်သို   ဇန်နဝါရီ   ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အလယ်ချောင်းအထက်ကျေးရွာ  ခန်းမဆောင်တွင်  လူသုံးကုန်ထုတ်လုပ်နည်းဆပ်ပြာချက် သင်တန်းကို  ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထိုသို့  သင်တန်းဖွင့်လှစ်ခြင်းအားဖြင့်  လိပ်သိုမြို့ပေါ်ရှိ  ကျေးလက်နေပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန်ရည်ရွယ်၍   ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  မြို့ဦးစီးမှူးက ပြောကြားသည်။

အဆိုပါ သင်တန်းတွင်  သင်တန်းနည်းပြဆရာမအဖြစ်  နော်မေဖလားဝါးက  ပို့ချပေးသွားမည် ဖြစ်ပြီးလိပ်သိုမြို့ရှိ အလယ်ချောင်းအထက်၊ အလယ်ချောင်းအောက်၊ မိုင်းလွန်အောက်၊ မိုင်းလွန် အလယ်၊  မြသာကုန်း၊ သာမိုးတောင်အောက်၊ သာမိုးတောင်အထက်၊ သစ်ခေါင်း၊  ကော်ပတ်ခြံ၊ လ္ဘက်အင်းအောက်  အစရှိ သည့်ကျေးရွာများမှ   သင်တန်းသူ(၂၀)ဦး  တက်ရောက်ပြီး သင်တန်းကာလမှာ (၁၀)ရက်  ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့(ပြန်/ဆက်)