ကောလင်း ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အတွင်း ဆောင်းသီးနှံနှင့်နွေစပါးစိုက် တောင်သူများ သို့ စက်ရုံထုတ်စျေးနှုန်းအတိုင်း ယူရီးယားဓါတ်မြေဩဇာများ ရောင်းချခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ရက်နေ့ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက အဖွင့်အမှားစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမြင့်က မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး သစ်စိမ်းမြေဩဇာစိုက်ပျိုးသုံးစွဲရေး သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲရေးနှင့် လယ်ယာလုပ်ငန်းတွင် အကျိုးပြု အဏုစီဝ ပိုးများ၏အခန်း ကဏ္ဍအရေးကြီးမှုကို တောင်သူများသိရှိစေရန်ပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကောလင်းမြို့နယ်အတွင်း ဆောင်းသီးနှံဧက(၆၀၀၀၀)ကျော်နှင့်နွေစပါးစိုက်ဧက(၄၀၀၀)ကျော် စိုက်ပျိုး လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း အတွက်လိုအပ်သော ဓါတ်မြေဩဇာကို ပြည်ပမှ ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူ တင် သွင်းရန် ခက်ခဲနေသောအချိန်တွင် ဆောင်းသီးနှံနှင့်နွေစပါးစိုက် တောင်သူများကို စက်ရုံထုတ် စျေးနှုန်း အတိုင်း ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)