ကျောက်ဆည် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား တတိယအသုတ်(ဒုတိယ)အကြိမ်နှင့် စတုတ္ထ အသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ယနေ့နက်(၉)နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် ကျောင်းသား၊ ကျောင်သူများ အဆင်ပြေစေရေး မြို့နယ်အတွင်းတွင် ဆေးထိုးစုရပ်(၇)နေရာခွဲပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြေခံပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ပထမအကြိမ်အဖြစ် (၃၁၄၅)ဦး၊ ဒုတိယအကြိမ် အဖြစ်(၄၀၀၆)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အထက-၁ (ကျောက်ဆည်)၊ အထက(ညောင်ရွေ)၊ အထက(ဟံမြင့်မိုရ်)၊ အထက (သံရွာ)၊ အထက(ကုန်းကြီး)၊ အထက-ခွဲ (ရဲရွာ)နှင့် မူလွန်(ဖျောက်ဆိပ်ပင်)ကျောင်းများတွင် ထိုးနှံပေးလျက်ရှိပြီး တတိယအသုတ် (ပထမ)အကြိမ်တွင် အခြေခံပညာကျောင်းများမှ ကျောင်သား(၃၄၀)ဦး၊ ကျောင်းသူ(၂၆၉)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား(၇၂)ဦး၊ ကျောင်းသူ(၃၅)ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား(၁၇)ဦး၊ ကျောင်းသူ(၁၇)ဦး စုစုပေါင်း(၇၅၀)ဦး ထိုးပေးခဲ့ပြီး ကျန်ရှိသည့်ကျောင်းသား၊ ကျောင်းသူများအား တတိယ အသုတ်(ဒုတိယ)အကြိမ်နှင့် စတုတ္ထအသုတ်(ပထမ)အကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)