လေးမျက်နှာ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လေးမျက်နှာမြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်စန်းစန်းဝင်းမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၇)အုပ်စုမှ အသက် ၈၅နှစ်အထက်သက်ကြီးဘိုးဘွား(၅၄၅)ဦးအား နိုင်ငံတော်မှ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များမှ သက် ကြီးဘိုးဘွားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် (၅၄၅)ဦးအား ငွေကျပ်(၁၆၃၅၀၀၀၀)သိန်းကျပ်ကို ကျေးရွာရပ်ကွက်အုပ်ချူပ်ရေးမှူးများထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ကြေးငွေများကို လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း