ကျိုက်ဒုံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ချောင်းဝကျေးရွာနေတောင်သူများသည် မိမိတို့၏ စိုက်ခင်းတွင် တစ်ပိုင်တစ်နိုင် ဖူးစားပြောင်းများ စိုက်ပျိုးထားခြင်းကြောင့် နေ့စဉ် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ယခင်က ကျေးရွာနေတောင်သူများသည် ဖူးစားပြောင်းများကို မိရိုးဖလာစိုက်ပျိုးနည်းအတိုင်း စိုက်ပျိုးခဲ့ကြပြီး၊ ကျိုက်ဒုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းပညာများပြသပေးမှုကြောင့် အောင်မြင်ဖြစ်ထွန်းပြီး စနစ်တကျ စိုက်ပျိုးလာကြသည်။
အဆိုပါ စိုက်ခင်းမှ ထွက်ရှိသည့် ဖူးစားပြောင်းများအား တောင်သူများသည် မိမိတို့၏ ဖောက်သည် များအား ဖူးစားပြောင်း အဖူး(၁၀၀)လျှင် ငွေ(၈၀၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး၊ဖူးစားပြောင်း ရောင်း ဝယ်နေသူများမှ ကျိုက်ဒုံမြို့မစျေးတွင် ဖူးစားပြောင်း အဖူး(၁၀၀)လျှင် ငွေ (၁၀၀၀၀) ကျပ်အထိ ရရှိ၍ စိုက်ပျိုးတောင်သူများနှင့်ဖူးစားပြောင်း ရောင်းဝယ်သူများမှ နေ့စဉ်မိသားစု အပိုဝင်ငွေရရှိ လျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)