ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို၊ ယနေ့ မွန်းလွှဲ (၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က မသန်စွမ်းသူများအကြောင်း နှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မသန် စွမ်းသူများအဖြစ် သတ်မှတ်အမျိုးအစားများနှင့် အကာအကွယ်ပေးနေမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်(လက်ထောက်ညွှန် ကြားရေးမှူး)က မသန်စွမ်းသူ များအဖြစ် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံအသန်စွမ်းသူ(မျက်မမြင်)၊ နားမကြားသူ၊ ဉာဏ်ရည်မသန်စွမ်းသူ စသည်ဖြင့် မသန်စွမ်းမှုအမျိုးအစား(၄)မျိုးခွဲခြား၍ ပြုစုစောင့်ရှောက်ခြင်း၊ ပြန်လည် ထူထောင်ခြင်းနှင့် လူမှုအသိုက်အဝန်းအတွင်း အပြည့်အဝ ဝင်ဆံ့နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်လင်းပြောကြားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)