ဝက်လက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် သဘာဝပိုးနှင့် ဆေးပြုလုပ်သုံးစွဲနည်းအကြောင်း သိကောင်းစရာအသိပညာပေး ( Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

 

ဝက်လက်  ဇန်နဝါရီ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် သဘာဝပိုးနှင့် ဆေးပြုလုပ်နည်းအကြောင်း သိကောင်းစရာ အသိအညာပေး ( Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် (Online) မှ တစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာဝင်း က အသိပညာပေး ( Talk Show )  ဆွေးနွေး ပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ ဒုဦးစီးမှူ ဒေါ်မိုးဝတ်ရည်သောင်း ကတောင်သူများအတွက် သဘာဝပိုး နှင့် ဆေးပြုလုပ်သုံးစွဲနည်းများ အကြောင်းကို ( Online) မှတစ်ဆင့် အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးစိုးလှိုင် ( ဝက်လက်)