ထီးချိုင့် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးဖြိုးညွန့်မောင်က မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက မီးငြိမ်းသတ်ရန်နည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို ပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမင်းထက်နှင့် ဝန်ထမ်းများအား အရေးပေါ်မီးငြိမ်းသတ်နည်းများ၊ မီးသတ်ဆေး ဘူးအသုံးပြုနည်းများ၊ ဆီမီးလောင်မှုအား လက်တွေ့မီးငြိမ်းပြသခဲ့ပြီး မီးသတ်ယာဉ်ဖြင့် လက်တွေ့ရေဖြန်းသရုပ်ပြသခဲ့ကြောင်း သိရပါသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးဇော်လင်း၊ ရဲမှူးပြေဦး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဖြိုးညွန့်မောင်နှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးမင်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြောင်း သိရပါသည်။
ရဲလင်းထွန်း(ထီးချိုင့်)