ဟိုင်းကြီးကျွန်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ဆောင်ရွက်ပေးလျက်ရှိ

ဟိုင်းကြီးကျွန်း  ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို နေ့စဉ် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက   သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း(ငြိမ်း) ရေးသားထားသော "ပါတော်မူပြီးစ မြန်မာနိုင်ငံအခြေအနေ"   စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဦးစီးမှူးနှင့် ဝန်ထမ်းများက Oline မှတစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက်အစီအစဉ်၊ ပုံပြင်ပြောခြင်း အစီအစဉ်၊ ကဗျာရွတ်အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ်ရိုက်ကူးပြီး ဟိုင်းကြီးကျွန်းမြို့ ပြည်သူ့စာကြည့်တိုက် Facebook  Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

နွေးနွေးအောင်ကြွယ်